Sunday, February 12, 2017

ဓမ္မပဒအဖော်မွန် ၁၁

ဓမ္မပဒအဖော်မွန် - ၁၁
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၁၁။ ဇရာဝဂ္ဂ၊ အိုဟောင်းခြင်း

အပူထဲမှာ အေးအောင်နေ ၊ အမှောင်ထဲမှာ လင်းနိုင်စေ ။ ( ဓ- ၁၄၆ )
ကိလေသာအပူမီးတွေ အမြဲတမ်း တငြီးငြီးတဟုန်းဟုန်း တောက်လောင်နေပါလျက်
ဘာကြောင့် ရယ်မောအားရ နှစ်သက်နေကြတာလဲ ?
အဝိဇ္ဇာအမိုက်အမှောင်ထုကြီး ပိတ်ဖုံးကာဆီးနေပါလျက်
ပညာဆီမီး(အလင်းရောင်)ကို ဘာကြောင့် မရှာဖွေကြတာလဲ ?

၁၄၆. ဝိသာခါယ သဟာယိကာနံဝတ္ထု (၁၄၆)
ကော နု ဟာသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန ဩနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

11. Jarāvagga: Old Age 146. When this world is ever ablaze, why this laughter,
why this jubilation? Shrouded in darkness, will you not seek the light?
N

အပုပ်ကောင် သရုပ်ဆောင် ( ဓ- ၁၄၇ )
အဆန်းတကြယ်ပြုလုပ်ထားတဲ့၊ အရုပ်နဲ့တူတဲ့၊
(အရိုး အကြော အသား အရေပြားတွေနဲ့ တွဲစပ်) စိုက်ထောင်ထားတဲ့၊
နာကျင်အောင် နှိပ်စက်တတ်တဲ့၊
(လူအများစု လိုချင်တက်မက်ပြီး) အမျိုးမျိုး စဉ်းစားကြံစည်တတ်တဲ့၊
(အပုပ်ရည်တွေ ယိုစီးစိမ့်ထွက်) အနာဝကြီးလိုဖြစ်နေတဲ့၊
ခိုင်မြဲတည်တံ့နေတာမရှိတဲ့ ဒီခန္ဓာကိုယ်အကောင်ပုပ်ကြီးကို
သေသေချာချာ ကြည့်ရှုဆင်ခြင်လိုက်ပါ။

၁၄၇. သိရိမာဝတ္ထု (၁၄၇)
ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။

147. Behold this body—a painted image, a mass of heaped up sores, infirm, full of hankering—of which nothing is lasting or stable!

အကောင်ပုပ်ကို ဘာလုပ်မှာလဲ ? ( ဓ - ၁၄၈ )
ဒီရုပ်ကြီးဟာ
(တစ်နေ့တစ်နေ့ တရွေ့ရွေ့နဲ့) ဆွေးမြေ့ယိုယွင်း အိုမင်းတတ်ပါတယ်။
အနာရောဂါတွေရဲ့ တည်ရာဖြစ်ပါတယ်။ ယိုယွင်းပျက်စီးတတ်ပါတယ်။
ပုပ်ဟောင်နံစော်ပြီး ပျက်စီးတတ်ပါတယ်။ ဟုတ်ပါတယ်။
အသက်ရှင်ခြင်းဟာ သေခြင်းမှာ အဆုံးရှိပါတယ်။

၁၄၈. ဥတ္တရာထေရီဝတ္ထု (၁၄၈)
ပရိဇိဏ္ဏမိဒံ ရူပံ၊ ရောဂနီဠံ ပဘင်္ဂုရံ။
ဘိဇ္ဇတိ ပူတိသန္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။

148. Fully worn out is this body, a nest of disease, and fragile.
This foul mass breaks up, for death is the end of life.

အရိုးစုပါ တွယ်တာဦးမှာလား ? ( ဓ- ၁၄၉ )
တန်ဆောင်မုန်းလမှာ စွန့်ပစ်ထားတဲ့ ဘူသီးခြောက်ပုပ် ရှုံ့တွတွေလို ဖြစ်နေတဲ့၊
ဖြူမွဲရောင် ခိုအဆင်းရှိတဲ့ ဒီအရိုးစုတွေကို မြင်ရလို့
ဘယ်မှာ နှစ်သက်မွေ့လျော်စရာ ရှိနိုင်ပါ့မလဲ။

၁၄၉. သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု (၁၄၉)
ယာနိမာနိ  အပတ္ထာနိ အလာဗူနေဝ သာရဒေ။
ကာပေါတကာနိ အဋ္ဌီနိ၊ တာနိ ဒိသွာန ကာ ရတိ။

149. These dove-colored bones are like gourds that lie scattered about
in autumn. Having seen them, how can one seek delight?



အတွင်းစိုက်ပြီး နှိုက်ကြည့်တဲ့အခါ ကြိုက်စရာမရှိပါ ( ဓ- ၁၅၀ )
အရိုးတွေကို (အကြောနဲ့ဖွဲ့ချည်တုပ်)၊ အသွေးအသားနဲ့ လိမ်းကျံမွမ်းမံပြီး
ခန္ဓာအိမ်ကို ဆောက်လုပ်ထားပါတယ်။
ဒီခန္ဓာအိမ်မှာ အိုခြင်း၊ (နာခြင်း)၊ သေခြင်း၊
မာနထောင်လွှားခြင်း၊ ကျေးဇူးချေဖျက်ခြင်းတွေ တည်ရှိနေပါတယ်။

၁၅၀. (ဇနပဒကလျာဏီ)ရူပနန္ဒာထေရီ (၁၅ဝ)
အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ ဩဟိတော။

150. This city (body) is built of bones, plastered with flesh and blood; within are decay and death, pride and jealousy.

မအိုတဲ့ မြတ်တရား ( ဓ- ၁၅၁ )
အဆန်းတကြယ် ပြင်ဆင်ထားတဲ့ ဘုရင့်ရထားတွေဟာလည်း
ဆွေးမြေ့ဟောင်းနွမ်းကြပါတယ်။ အမှန်ပါပဲ။
ကိုယ်ခန္ဓာဟာလည်း သွားကျိုးဆံဖြူ၊ ငယ်မူယိုယွင်းအိုမင်းခြင်းကို ရောက်ရပါတယ်။
သူတော်ကောင်းတရားကတော့
ဖောက်ပြန်ယိုယွင်းပျက်စီးခြင်းကို မရောက်နိုင်ပါဘူး။( လို့ )
အမှန်စင်စစ် - သူတော်ကောင်းတွေဟာ သူတော်ကောင်းအချင်းချင်း ဆွေးနွေးပြောကြားကြပါတယ်။

၁၅၁. မလ္လိကာဒေဝီဝတ္ထု (၁၅၁)
ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

151. Even gorgeous royal chariots wear out, and indeed this body too wears out. But the Dhamma of the Good does not age;
thus the Good make it known to the good.

နွားလိုလူ ( ဓ- ၁၅၂ )
အကြားအမြင်နည်းပါးသူဟာ
နွားလိုပဲ (အလကား) ကြီးပြင်းအိုမင်းလာပါတယ်။
သူဟာ အသားတွေပဲ တိုးပွားလာပါတယ်။
အသိလိမ္မာဉာဏ်ပညာ မတိုးပွားလာပါဘူး။

၁၅၂. လာလုဒါယီထေရဝတ္ထု (၁၅၂)
အပ္ပဿုတာယံ ပုရိသော၊ ဗလိဗဒ္ဓေါဝ ဇီရတိ။
မံသာနိ တဿ ဝဍ္ဎန္တိ၊ ပညာ တဿ န ဝဍ္ဎတိ။

152. The man of little learning grows old like a bull.
He grows only in bulk, but, his wisdom does not grow.

အနေကဇာ ဥဒါန်းတော် ( ဓ- ၁၅၃ ၊ ၁၅၄ )
ခန္ဓာအိမ်ကို ဆောက်လုပ်တဲ့ တဏှာလက်သမားကို
(ပါရမီဖြည့်ကာ) ရှာဖွေနေတဲ့ ငါဟာ
သိမြင်နှံ့စပ် ဉာဏ်တော်မြတ်ကို မရနိုင်သေးတာကြောင့်၊
ရေတွက်မရ ပဋိသန္ဓေ မွေးသေများစွာ ဘဝသံသရာစက်ဝိုင်းမှာ
ချားရဟတ်လို မရပ်မနား လှည့်ပတ်ပြေးလွှားနေခဲ့ရပြီ။
ထပ်ခါထပ်ခါ ပဋိသန္ဓေ မွေးရခြင်းဟာ
(အို နာ သေ ဘေး ရောထွေးနေလို့) ဆင်းရဲလိုက်တာ !

ခန္ဓာအိမ်ကို အကြိမ်ကြိမ်ဆောက်လုပ်တဲ့ တဏှာလက်သမားကို
ငါဘုရားဟာ (ဉာဏ်မျက်စိနှင့်) ထင်ထင်ရှားရှား တွေ့မြင်ပြီးပြီ။
သင် တဏှာဟာ ခန္ဓာအိမ်ကို နောက်တစ်ခါ  မဆောက်လုပ်နိုင်တော့ပါဘူး။
သင့်ရဲ့ ကိလေသာထောက်တိုင်အားလုံးကို ချိုးဖျက်ပြီးပြီ။
အဝိဇ္ဇာဆိုတဲ့ အိမ်ခေါင်ထွတ်ကိုလည်း ဖျက်ဆီးပြီးပြီ။
(ကိလေသာမြူညစ်ကြေး ကင်းဝေးဖြူစင်) ငါဘုရားရှင်ရဲ့ စိတ်အစဉ်ဟာ
သင်္ခါရစက်ကွင်း လွတ်ကင်းရာ နိဗ္ဗာန်ကို  အာရုံပြုရောက်ရှိပြီ။
တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်ကို
ငါဘုရား ရပြီလေ။

A

၁၅၃. ဥဒါနဝတ္ထု (၁၅၃၊ ၁၅၄)
အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ  ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
၁၅၄. ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊  တဏှာနံ ခယမဇ္ဈဂါ။

153. Through many a birth in saṁsāra have I wandered in vain,
seeking the builder of this house (of life).
Repeated birth is indeed suffering! 154. O house-builder, you are seen! You will not build this house again. For your rafters are broken and your ridgepole shattered.
My mind has reached the Unconditioned;
I have attained the destruction of craving.

q k
G G G

ငယ်ရွယ်စဉ်မှာ ကြိုးစားရှာ ( ဓ- ၁၅၅၊ ဓ- ၁၅၆ )
စွမ်းနိုင်တဲ့ အရွယ်ကောင်းတုန်းမှာ (အချိန်ဖြုန်းပြီး)
မြင့်မြတ်တဲ့အကျင့်ကို မကြိုးစား မကျင့်ကြံမိလို့
ပစ္စည်းဥစ္စာ ဘုန်းကျက်သရေကို မရရှိ (ခဲ့တဲ့လူမိုက်တွေဟာ) ၊ အရွယ်လွန်တဲ့အခါ
ငါးကုန်သွားတဲ့ ရွှံ့ညွန်အိုင်က ကြိုးကြာအိုကြီးလို ကြံမှိုင်ကြရပါတယ်။

စွမ်းနိုင်တဲ့ အရွယ်ကောင်းတုန်းမှာ (အချိန်ဖြုန်းပြီး)
မြင့်မြတ်တဲ့အကျင့်ကို မကြိုးစား မကျင့်ကြံမိလို့
ပစ္စည်းဥစ္စာ ဘုန်းကျက်သရေကို မရရှိ (ခဲ့တဲ့လူမိုက်တွေဟာ) ၊ အရွယ်လွန်တဲ့အခါ
ရှေးအတိတ်ဟောင်းကို ညီးညူတသ ပြောဆိုကြပါတယ်။
လေးညှို့က လွတ်ပြီး အရှိန်ကုန်သွားတဲ့ မြှားတွေလို ဖြစ်နေကြပါတယ်။

၁၅၅. မဟာဓနသေဋ္ဌိပုတ္တဝတ္ထု (၁၅၅၊ ၁၅၆)
အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
ဇိဏ္ဏကောဉ္စာဝ ဈာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။
၁၅၆. အစရိတွာ  ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
သေန္တိ စာပါတိခီဏာဝ၊ ပုရာဏာနိ အနုတ္ထုနံ။

155. Those who in youth have not led the holy life, or have failed to acquire wealth, languish like old cranes in the pond without fish. 156. Those who in youth have not lead the holy life, or have failed to acquire wealth, lie sighing over the past,
like worn-out  arrows (shot from) a bow.
((မှတ်စု ၁၁။ ။ အိုခြင်းသဘော ရှိပေမယ့် ဘာလို့
ရယ်မောအားရ နှစ်သက်နေကြတာလဲ ?
အိုခြင်းကိန်းရာ ဒီခန္ဓာကို ဘာလို့ တွယ်တာမက်မောနေကြတာလဲ ?
အိုခြင်းကင်းရာ တရားမြတ်ကို ဘာလို့ မရှာဖွေကြတာလဲ ?

အိုဘေးဆင်ခြင် မအိုခင်၊ ကြိုတင်ကောင်းမှု ကြိုးစားပြု။
အို နာ သေ ကို လွတ်မြောက်လို၊ ကုသိုလ်များများပြု။

ငယ်ရွယ်တုန်းမှာ လွတ်အောင်ရုန်းပါ။

အပူထဲမှာ အေးအောင်နေ ၊ အမှောင်ထဲမှာ လင်းနိုင်စေ ။
အရှုပ်ထဲမှာ ရှင်းအောင်နေ။

ကိုယ်နာပေမယ့် စိတ်မနာပါစေနဲ့။

ရုပ်က အကျဘက်ရောက်မှာပါ။
စိတ်က အတက်ဘက်ရောက်မှ အမြတ်ထွက်မှာပါ။

ကြာလေ အနှစ်ပြည့်လေဖြစ်တဲ့ သူတော်ကောင်းတွေပဲ
အိုခြင်းရဲ့အလှတရားကို ပိုင်ဆိုင်နိုင်ကြတာပါ။

သူတော်ကောင်းတရားဟာ ဘယ်တော့မှ အိုဟောင်းမသွားပါဘူး။

တဏှာလက်သမား ဆောက်လုပ်ထားတဲ့ ခန္ဓာအိမ်။ ဒုက္ခအိမ်။

ကိုယ်တော်တိုင်လည်း အိုခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန်ကို သိမြင်ရောက်ရှိ၊
သူတပါးကိုလည်း အိုခြင်းကင်းရာသို့ လမ်းညွှန်ပြတော်မူသော မြတ်စွာဘုရား။ ))

ဓမ္မပဒအဖော်မွန် ၁၀

ဓမ္မပဒအဖော်မွန် - ၁၀
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၁၀။ ဒဏ္ဍဝဂ္ဂ၊ ဒဏ်

ကိုယ်ချင်းစာ တရား ( ဓ- ၁၂၉ )
(ရဟန္တာအရှင်မြတ်မှတပါး) သတ္တဝါအားလုံးဟာ
ဘေးဒဏ်ဖြစ်မှာ ထိတ်လန့်တုန်လှုပ်ကြပါတယ်။
သတ္တဝါအားလုံးဟာ သေရမှာ ကြောက်လန့်ကြပါတယ်။
ကိုယ့်ကိုယ်ကို ဥပမာထား (ကိုယ်ချင်းစာ သနား)ပြီး
မသတ်ဖြတ် မညှဉ်းဆဲသင့်ပါဘူး။
(သူတပါးကိုလည်း သတ်ဖြတ်ညဉ်းဆဲဖို့ မခိုင်းစေသင့်ပါဘူး)

၁၂၉.  ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု (၁၂၉)
သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

10. Daṇḍavagga: Violence 129. All tremble at violence; all fear death. Putting oneself
in the place of another, one should not kill nor cause another to kill.
Y

ကိုယ်ချင်းမစာ မတရား ( ဓ- ၁၃၀ )
(ရဟန္တာအရှင်မြတ်မှတပါး) သတ္တဝါအားလုံးဟာ
ဘေးဒဏ်ဖြစ်မှာ ထိတ်လန့်တုန်လှုပ်ကြပါတယ်။
သတ္တဝါအားလုံးဟာ ကိုယ့်အသက်ကို ချစ်ကြတာပါပဲ။
ကိုယ့်ကိုယ်ကို ဥပမာထား (ကိုယ်ချင်းစာ သနား)ပြီး
မသတ်ဖြတ် မညှဉ်းဆဲသင့်ပါဘူး။
(သူတပါးကိုလည်း သတ်ဖြတ်ညဉ်းဆဲဖို့ မခိုင်းစေသင့်ပါဘူး)

၁၃၀. ဆဗ္ဗဂ္ဂိယဝတ္ထု (၁၃ဝ)
သဗ္ဗေ  တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

130. All tremble at violence; life is dear to all. Putting oneself in the place of another, one should not kill nor cause another to kill.

သူ့ကိုနှစ်ရင် ကိုယ်ပါနစ်မယ် ( ဓ- ၁၃၁ )
ကိုယ့်ရဲ့ချမ်းသာခြင်းကို ရှာဖွေသူဟာ
ကိုယ့်လိုပဲ ချမ်းသာချင်ကြတဲ့ သတ္တဝါတွေကို
လက်နက်နဲ့ ညှဉ်းဆဲရိုက်နှက်မယ်ဆိုရင်
နောင်တမလွန်ဘဝမှာ ချမ်းသာသုခကို မရနိုင်ပါဘူး။

၁၃၁. သမ္ဗဟုလကုမာရဝတ္ထု (၁၃၁၊ ၁၃၂)
သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ဝိဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။

131. One who, while himself seeking happiness,
oppresses with violence other beings who also desire happiness,
will not attain happiness hereafter.

မေတ္တာရှိမှ ချမ်းသာရ ( ဓ- ၁၃၂ )
ကိုယ့်ရဲ့ချမ်းသာခြင်းကို ရှာဖွေသူဟာ
ကိုယ့်လိုပဲ ချမ်းသာချင်ကြတဲ့ သတ္တဝါတွေကို လက်နက်နဲ့ မညှဉ်းဆဲဘူးဆိုရင်
နောင်တမလွန်ဘဝမှာ ချမ်းသာသုခကို ရနိုင်ပါတယ်။

၁၃၂. သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

132. One who, while himself seeking happiness, does not oppress with violence other beings who also desire happiness, will find happiness hereafter.

e e
သတိနဲ့ပြောပါ ( ဓ- ၁၃၃ )
ဘယ်သူ့ကိုမှ ဆိုးဝါးယုတ်ညံ့ ကြမ်းတမ်းတဲ့စကားကို မပြောဆိုပါနဲ့။
အပြောခံရသူတွေဟာ သင့်ကို ပြန်လှန်ပြောဆိုပါလိမ့်မယ်။
တကယ်တော့- ဖိနှိပ်ချုပ်ချယ် ပုတ်ခတ်တဲ့စကားဟာ ဆင်းရဲကြောင်းပါပဲ။
ရန်တုံ့ရန်လှည့် ဒဏ်ပြန်တွေဟာ သင့်ဆီ ရောက်လာနိုင်ပါတယ်။

၁၃၃. ကောဏ္ဍဓာနတ္ထေရဝတ္ထု (၁၃၃၊ ၁၃၄)
မာဝေါစ ဖရုသံ ကဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျု တံ ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ ။

133. Speak not harshly to anyone, for those thus spoken to might retort. Indeed, angry speech hurts, and retaliation may overtake you.

ကြေးအ လူသား ( ဓ- ၁၃၄ )
အနားပြတ်တဲ့ ကြေးခေါင်းလောင်း (အသံမထွက် ငြိမ်သက်နေ သ)လို
ကိုယ့်စိတ်ကို မတုန်မလှုပ် တိတ်ဆိတ်ငြိမ်သက်အောင်
စောင့်ထိန်းနိုင်သူဟာ နိဗ္ဗာန်ရောက်မှာပါ။
ဖိနှိပ်ချုပ်ချယ်တာတွေလည်း ရှိမှာမဟုတ်တော့ပါဘူး။

၁၃၄. သစေ နေရေသိ အတ္တာနံ၊ကံသော ဥပဟတော ယထာ
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ဝိဇ္ဇတိ။

134. If, like a broken gong, you silence yourself, you have approached Nibbāna, for vindictiveness is no longer in you.

ဒုက္ခစက်ဝန်းထဲက ရုန်းထွက်ကြ ( ဓ- ၁၃၅ )
နွားကျောင်းသားဟာ နွားတွေကို
ကြိမ်တုတ်နဲ့ (ရိုက်နှက်ပြီး) စားကျက်ဆီ မောင်းနှင်ပို့သလို -
အိုခြင်း(နာခြင်း)သေခြင်း ဟာလည်း သတ္တဝါတွေရဲ့ အသက်ကို မောင်းနှင်ပါတယ်။

၁၃၅. ဥပေါသထိကဣတ္ထီနံဝတ္ထု (၁၃၅)
ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧဝံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

135. Just as a cowherd drives the cattle to pasture with a staff, so do
old age and death drive the life force of beings (from existence to existence).

မီး သတိပြု ( ဓ- ၁၃၆ )
ယုတ်ညံ့တဲ့ မကောင်းမှုတွေကို ပြုလုပ်သူ လူမိုက်ဟာ အမှန် မသိမြင်ပါဘူး။
အဲဒီမကောင်းမှုကံကြောင့် ပညာမဲ့လူမိုက်ဟာ
မီးလောင်သူလို ပူပန်ဆင်းရဲရပါတယ်။

၁၃၆. အဇဂရပေတဝတ္ထု (၁၃၆)
အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဒဍ္ဎောဝ တပ္ပတိ။

136. When the fool commits evil deeds, he does not realize
(their evil nature). The witless man is tormented by his own deeds,
like one burnt by fire.

ကျောက်တောင်ကြီးကို မတိုက်နဲ့၊ မကိုက်နဲ့။ ( ဓ- ၁၃၇-၁၃၈ - ၁၃၉ - ၁၄၀ )
(ဘယ်သူ့ကိုမှ မပြစ်မှားတတ်လို့) မပြစ်မှားသင့်တဲ့ သူတော်ကောင်းတွေ၊
(မကောင်းမှုကို မပြုရှောင်ကြဉ်လို့) ပြစ်ဒဏ်ကင်းတဲ့ သူတော်စင်တွေ ကို
ကိုယ်ထိလက်ရောက် အော်ငေါက်ပြင်းထန် ဒဏ်တစ်မျိုးမျိုးနဲ့ ပြစ်မှားသူဟာ
ဒဏ်ဆယ်ပါး တစ်ပါးပါးကို အမြန်ပဲ ရောက်ရပါတယ် -

၁။ ပြင်းထန်တဲ့ရောဂါဝေဒနာ၊
၂။ ဥစ္စာပစ္စည်း ဆုံးရှုံးကုန်ခမ်းတာ၊
၃။ ကိုယ်လက်အင်္ဂါ ပျက်စီးတာ၊
၎။ ကြီးလေးတဲ့ အနာနှိက်စက်၊
၅။ စိတ်ပျံ့လွင့်ရူးသွပ်တာ၊
၆။ အစိုးရမင်း၊ အုပ်ချုပ်သူကြောင့် ဘေးရန်သင့်တာ၊
၇။ ကြမ်းကြမ်းတမ်းတမ်း မဟုတ်မမှန် စွပ်စွဲခံရတာ၊
၈။ ဆွေမျိုးတွေ ဆုံးရှုံးပျက်ပြားတာ၊
၉။ စည်းစိမ်ဥစ္စာ ယိုယွင်းပျက်စီးတာ၊
၁၀။ နေအိမ်ကို ရိုးရိုးမီး၊ လောင်မီး လောင်တာ။
ဒီဒဏ်ဆယ်ပါး တစ်ပါးပါးကို ရောက်ရပါတယ်။
အဲဒီပညာမဲ့လူမိုက်ဟာ ကိုယ်ခန္ဓာပျက်စီးပြီးနောက်မှာ
ငရဲကို ကျရောက်ရပါတယ်။

၁၃၇. မဟာမောဂ္ဂလာနဝတ္ထု (၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄ဝ)
ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ။
၁၃၈. ဝေဒနံ  ဖရုသံ ဇာနိံ၊ သရီရဿ စ ဘေဒနံ ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပံ ဝ ပါပုဏေ။
၁၃၉. ရာဇတော ဝါ ဥပသဂ္ဂံ ၊ အဗ္ဘက္ခာနံ ဝ  ဒါရုဏံ။
ပရိက္ခယံ ဝ  ဉာတီနံ၊ ဘောဂါနံ ဝ  ပဘင်္ဂုရံ ။
၁၄၀. အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ  ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ ။

137. He who inflicts violence on those who are unarmed,
and offends those who are inoffensive, will soon come upon one of these ten states:
138-140 Sharp pain, or disaster, bodily injury, serious illness,
or derangement of mind, trouble from the government,
or grave charges, loss of relatives, or loss of wealth,
or houses destroyed by ravaging fire;
upon dissolution of the body that ignorant man is born in hell.



အကျင့်မှားရင် သနားစရာ ပင်ပန်းတာ ( ဓ- ၁၄၁ )
အဝတ်မဝတ်ဘဲ ကျင့်တာ၊ ဆံကျစ်ထုံးရှုပ်တာ၊ ရွှံညွန်လူးလိမ်းတာ၊
အစာဖြတ် အငတ်ခံတာ၊ မြေမှာပဲအိပ်တာ၊ မြူဖုန်အညစ်အကြေးလူးလိမ်းတာ၊
(တမင်ပင်ပန်းအောင်) ဆောင့်ကြောင့်ထိုင်ပြီး  အားထုတ်တာ ....
ဒီအကျင့်တွေဟာ ယုံမှားသံသယ မလွန်မြောက်သေးတဲ့ သတ္တဝါတွေကို
ယုံမှားသံသယစင်ကြယ်အောင် (ကိလေသာကင်းစင်အောင်)
မလုပ်ပေးနိုင်ပါဘူး။

၁၄၁. ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု (၁၄၁)
န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ ဝါ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။

141. Neither going about naked, nor matted locks, nor filth, nor fasting, nor lying on the ground, nor smearing oneself with ashes and dust, nor sitting on the heels (in penance) can purify a mortal
who has not overcome doubt.

N

သူတော်စင်၊ သူတော်ကောင်း၊ သူတော်မြတ် ( ဓ- ၁၄၂ )
ငြိမ်းအေးအောင် ကျင့်သူ၊ ကိလေသာမီး ငြိမ်းအေးပြီးသူ၊
ဣနြေ္ဒကို ဆုံးမပြီးသူ၊ မဂ်ဉာဏ်လေးပါး ရထားလို့ ခိုင်မြဲတဲ့သဘောရှိသူ၊
မြင့်မြတ်တဲ့အကျင့် ကျင့်သူ၊
သတ္တဝါအားလုံးအပေါ်မှာ ပြစ်မှားဒဏ်ထားတာမရှိဘဲ မေတ္တာနှင့်အညီအမျှကျင့်သူ၊
ဒီပုဂ္ဂိုလ်ဟာ - အဝတ်တန်ဆာ ဝတ်ဆင်ထားပေမယ့်
ဗြာဟ္မဏ ပါပဲ။ သမဏ ပါပဲ။ ဘိက္ခု ပါပဲ။
( သူတော်စင် သူတော်ကောင်း သူတော်မြတ် ပါပဲ )

((အကုသိုလ်ကို ပထုတ်တတ်တာကြောင့် ဗြာဟ္မဏ၊
မကောင်းမှုကို ငြိမ်းစေတတ်တာကြောင့် သမဏ၊
ကိလေသာကို ဖြိုဖျက်မှုကြောင့် ဘိက္ခု ))

၁၄၂. သန္တတိမဟာမတ္တဝတ္ထု (၁၄၂)
အလင်္ကတော စေပိ သမံ စရေယျ၊ သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊ သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။

142. Even though he be well-attired, yet if he is poised, calm,
controlled and established in the holy life, having set aside violence towards all beings—he, truly, is a holy man, a renunciate, a monk.
အတွေးဆိုး အကြံမှားကို တားနိုင်သူ ရှားမှရှား ( ဓ- ၁၄၃ )
မြင်းကောင်းဟာ ကြိမ်(ဒဏ်)ကို ရှောင်သလို
(ပျင်းရိထိုင်းမှိုင်းမေ့လျော့)အိပ်ချင်တာကို ဖယ်ရှား၊ နိုးကြားစေသူ၊
(အတွေးဆိုးအကြံမှားတွေကို) အရှက်တရားနှင့် တားမြစ်တတ်သူ ဟာ
လောကမှာ တစ်ယောက်တစ်လေပဲ ရှိပါတယ်။ ( ရခဲပါပေတယ်။ )

၁၄၃. ပိလောတိကတိဿတ္ထေရဝတ္ထု (၁၄၃၊ ၁၄၄)
ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိံ  ဝိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ ၊ အေဿာ ဘဒြော ကသာမိဝ။

143. Only rarely is there a man in this world who, restrained by modesty, avoids reproach, as a thoroughbred horse avoids the whip.

သံဝေဂ မှ နိဗ္ဗာန် သို့ ( ဓ- ၁၄၄ )
ကြိမ်လုံးနှင့် တို့ထိရိုက်နှက်ခံရတဲ့ မြင်းကောင်းလို
ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ကြပါ။
(သံသရာဝဋ်ဆင်းရဲကို) ဉာဏ်နဲ့ ထိတ်လန့်ကြပါ။
ယုံကြည်မှု သဒ္ဓါ၊ စောင့်ထိန်းမှု သီလ၊
ရဲရဲရင့်ရင့်အားထုတ်မှု ဝီရိယ၊ တည်ကြည်မှု သမာဓိ၊
ကြောင်းကျိုး ကောင်းဆိုး မှားမှန် ဆုံးဖြတ်နိုင်မှု ဉာဏ်ပညာ … စတာတွေနှင့်
အသိရော အကျင့်ပါ ပြည့်စုံပြီး၊ တရားသတိ အထပ်ထပ်ရှိနေကြရင်
အတိုင်းမသိ(ရှည်လျားလှ)တဲ့ ဒီသံသရာဝဋ်ဆင်းရဲကြီးကို စွန့်ပယ်နိုင်ကြမှာပါ။

၁၄၄. အေဿာ  ယထာ ဘဒြော ကသာနိဝိဋ္ဌော၊ အာတာပိနော သံဝေဂိနော ဘဝါထ။
သဒ္ဓါယ သီလေန စ ဝီရိယေန စ၊ သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ။
သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ၊ ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

144. Like a thoroughbred horse touched by the whip, be strenuous,
be filled with spiritual yearning. By faith and moral purity, by effort and meditation, by investigation of the truth, by being rich in knowledge and virtue, and by being mindful, destroy this unlimited suffering.

လေ့ကျင့်ပြုပြင် စိတ်စွမ်းအင် ( ဓ- ၁၄၅ )
လယ်သမားတွေဟာ ရေကို သွယ်ဆောင်ယူပါတယ်။
လေးသမားတွေဟာ မြားကို ဖြောင့်အောင်လုပ်ပါတယ်။
လက်သမားတွေဟာ သစ်သားကို (လိုရာ)ခုတ်ရွှေထုဆစ် ပုံဖော်ပါတယ်။
အကျင့်ကောင်းရှိသူတွေဟာ စိတ်ကို (ပြုပြင်)ဆုံးမပါတယ်။
(သူတော်ကောင်းတွေဟာ ကိုယ့်ကိုယ်ကို လိမ္မာယဉ်ကျေးစေပါတယ်။ )

၁၄၅. သုခသာမဏေရဝတ္ထု (၁၄၅)
ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

145. Irrigators regulate the waters, fletchers straighten arrow shafts, carpenters shape wood, and the good control themselves.

(( မှတ်စု ၁၀။ ။ ဘေးဒဏ်ကြောက်ရသူအချင်းချင်း ဘဝတူတွေ …
ကိုယ်ချင်းစာ သနားကြပါလေ။

အိုနာသေ သို့ မောင်းနှင်ပို့
လူတို့မမြဲပါတကား။

ကိုယ့်အတွေးဆိုးက ကိုယ့်ပြန်ဒဏ်ခတ်တာပါ။
အလေ့အကျင့်မှားတွေက ကိုယ့်ပြန်ဒဏ်ခတ်တာပါ။
အတွေးဆိုး၊ အကျင့်ဆိုးတွေရဲ့ ကျေးကျွန် မဖြစ်ပါရစေနဲ့။

အကောင်းကျင့်ရင်းနဲ့
အကျင့်ကောင်းသွားမှာပါ။ ))

Aအရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။ A

"rRudktazmf-yKrS xm0\csrf;omrnf
"Ry'tazmfrGef

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

ဓမ္မပဒအဖော်မွန် ၉

ဓမ္မပဒအဖော်မွန် - ၉
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၉။ ပါပဝဂ္ဂ၊ မကောင်းမှု

မြန်မြန် ဆောင်၊  မြန်မြန် ရှောင် ( ဓ- ၁၁၆ )
ကုသိုလ်ကောင်းမှုအစုစုကို
(အချိန်မဆွဲဘဲ) လျင်လျင်မြန်မြန်ပဲ ပြုလုပ်သင့်ပါတယ်။
မကောင်းမှု အကုသိုလ် မဖြစ်အောင်
စိတ်ကို (သတိ၊ပညာ နဲ့) တားမြစ်သင့်ပါတယ်။
ကုသိုလ်ကောင်းမှုကို
ဖြည်းဖြည်းနှေးနှေး တွန့်ဆုတ် တွန့်ဆုတ် လုပ်နေမယ်ဆိုရင်
(မကောင်းမှုဘက်ကို ပါသွားနိုင်လို့)
စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့တတ်လို့ပါပဲ။

၁၁၆.  စူဠေကသာဋကဝတ္ထု (၁၁၆)
အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတီ မနော။

9. Pāpavagga: Evil 116. Hasten to do good; restrain your mind from evil.
He who is slow in doing good, his mind delights in evil.

မကောင်းမှုများလေ - ဆင်းရဲလေ ( ဓ- ၁၁၇ )
မကောင်းမှုအကုသိုလ်ကို
(တစ်ကြိမ်တစ်ခါ မလိမ္မာလို့) ပြုလုပ်မိသူဟာ
ထပ်ခါထပ်ခါ ဆက်မလုပ်သင့်ပါဘူး။
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့ ဆန္ဒဆိုးကိုလည်း မဖြစ်စေသင့်ပါဘူး။
မကောင်းမှုတွေ တိုးပွားလာတာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။

၁၁၇. သေယျသကတ္ထေရဝတ္ထု (၁၁၇)
ပါပဉ္စေ ပုရိသော ကယိရာ၊ န နံ  ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။

117. Should a person commit evil, let him not do it again and again.
Let him not find pleasure therein, for painful is the accumulation of evil.

ကောင်းမှုများလေ - ချမ်းသာလေ ( ဓ- ၁၁၈ )
ကောင်းမှုကုသိုလ်ကို ပြုလုပ်အားထုတ်သူဟာ
ထပ်ခါထပ်ခါ ဆက်လုပ်သင့်ပါတယ်။
(စိတ်အစဉ်ကို ကြည်လင်စေတတ်) ကုသိုလ်မြတ် ပြုလုပ်ချင်တဲ့
ဆန္ဒမွန်ကိုလည်း ဖြစ်စေသင့်ပါတယ်။
ကောင်းမှုတွေ တိုးပွားလာတာဟာ ချမ်းသာခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။

၁၁၈. လာဇဒေဝဓီတာဝတ္ထု (၁၁၈)
ပုညဉ္စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။

118. Should a person do good, let him do it again and again.
Let him find pleasure therein, for blissful is the accumulation of good.

အခွင့်သင့်ချိန် ( ဓ- ၁၁၉ )
မကောင်းတာလုပ်သူပေမယ့်လည်း
ဒီအကုသိုလ်ကံ ဆိုးကျိုးပေးချိန်မတန်သေးခင်မှာ-
အကောင်းတွေကို တွေ့ကြုံနေရပါသေးတယ်။
ဒီအကုသိုလ်ကံ ဆိုးကျိုးပေးချိန်တန်တဲ့အခါ -
မကောင်းတာလုပ်သူဟာ မကောင်းကျိုးတွေကို တွေ့ကြုံရပါတော့တယ်။

၁၁၉. အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု (၁၁၉၊ ၁၂ဝ)
ပါပေါပိ  ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။

119. It may be well with the evil-doer as long as the evil ripens not.
But when it does ripen, then the evil-doer sees
(the painful results of) his evil deeds.

အခွင့်သာချိန် ( ဓ- ၁၂၀ )
ကောင်းတာလုပ်သူပေမယ့်လည်း
ဒီကုသိုလ်ကံ ကောင်းကျိုးပေးချိန်မတန်သေးခင်မှာ-
အဆိုးတွေကို တွေ့ကြုံနေရပါသေးတယ်။
ဒီကုသိုလ်ကံ ကောင်းကျိုးပေးချိန်တန်တဲ့အခါ -
ကောင်းတာလုပ်သူဟာ ကောင်းကျိုးတွေကို တွေ့ကြုံရပါတော့တယ်။

၁၂၀. ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ  ပဿတိ။

120. It may be ill with the doer of good as long as the good ripens not. But when it does ripen, then the doer of good sees
(the pleasant results of) his good deeds.

အကုသိုလ် စုဘူး ( ဓ- ၁၂၁ )
မကောင်းမှုအကုသိုလ်ကို
'' နည်းနည်းလေးပဲ၊ ကိုယ့်ဆီ ပြန်လာမှာ မဟုတ်ပါဘူး '' လို့ အထင်မသေးသင့်ပါဘူး။
ရေစက်ရေပေါက်လေးတွေ ကျရောက်ပါများတဲ့အခါ ရေအိုးကြီး ပြည့်သွားသလို -
လူမိုက်ဟာ မကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ မကောင်းမှုအကုသိုလ်နဲ့ ပြည့်လာပါတော့တယ်။

၁၂၁. အသညတပရိက္ခာရဝတ္ထု (၁၂၁)
မာဝမညေထ  ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ  အာစိနံ။

121. Think not lightly of evil, saying, “It will not come to me.”
Drop by drop is the water pot filled. Likewise, the fool, gathering it little by little, fills himself with evil.

ဖြည့် မှ ပြည့် ( ဓ- ၁၂၂ )
ကောင်းမှုကုသိုလ်ကို
'' နည်းနည်းလေးပဲ၊ ကိုယ့်ဆီ ပြန်လာမှာ မဟုတ်ပါဘူး'' လို့ အထင်မသေးသင့်ပါဘူး။
ရေစက်ရေပေါက်လေးတွေ ကျရောက်ပါများတဲ့အခါ ရေအိုးကြီး ပြည့်သွားသလို -
ပညာရှိဟာ ကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ ကောင်းမှုကုသိုလ်နဲ့ ပြည့်လာပါတော့တယ်။

၁၂၂.  ဗိဠာလပါဒကသေဋ္ဌိဝတ္ထု (၁၂၂)
မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

122. Think not lightly of good, saying, “It will not come to me.”
Drop by drop is the water pot filled. Likewise, the wise man, gathering it little by little, fills himself with good.

အကုသိုလ်ဟာ အဆိပ်ပါ ( ဓ- ၁၂၃ )
အဖော်နည်းပြီး ပစ္စည်းဥစ္စာများတဲ့ ကုန်သည်ဟာ
ဘေးရန်ရှိတဲ့ ခရီးလမ်းကို ရှောင်ကြဉ်ပါတယ်။
အသက်ရှင်ချင်သူဟာ အဆိပ်ကို ရှောင်ကြဉ်ပါတယ်။ ဒီလိုပါပဲ -
ပညာရှိဟာ မကောင်းမှုတွေကို ရှောင်ကြဉ်ပါတယ်။

၁၂၃. မဟာဓနဝါဏိဇဝတ္ထု (၁၂၃)
ဝါဏိဇောဝ ဘယံ မဂ္ဂံ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဝိသံ ဇီဝိတုကာမောဝ၊ ပါပါနိ ပရိဝဇ္ဇယေ။

123. Just as a trader with a small escort and great wealth would avoid
a perilous route, or just as one desiring to live avoids poison,
even so should one shun evil.

စေတနာမပါ ကံမမြောက် ( ဓ- ၁၂၄ )
လက်မှာ အနာမရှိရင်၊ အနာမရှိတဲ့လက်နဲ့ အဆိပ်ကိုင်ပေမယ့်၊
အနာကင်းစင် လက်ဝါးပြင်ကို အဆိပ်မတက်နိုင်သလို -
မကောင်းမှုအကုသိုလ် ပြုလုပ်ချင်တဲ့ စေတနာဆိုးမရှိရင်
အကုသိုလ်မဖြစ်၊ အပြစ်မရှိ။

၁၂၄. ကုက္ကုဋမိတ္တနေသာဒဝတ္ထု (၁၂၄)
ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။
124. If on the hand there is no wound, one may carry even poison in it. Poison does not affect one who is free from wounds.
For him who does no evil, there is no ill.

ပြန်လာမယ့် ဒဏ်ရာတွေ ( ဓ- ၁၂၅ )
လှူဒါန်းပူဇော်ကိုးကွယ်ထိုက်သူ၊ စင်ကြယ်သူ၊
ကိလေသာအညစ်အကြေးမရှိတဲ့၊ မပြစ်မှားသင့်သူကို
လူမိုက်ဟာ ပြစ်မှားပါတယ်။
လေညာကို လွှင့်ပစ်လိုက်တဲ့ မြူမှုန်နုနုတွေဟာ
အဲဒီ လွှင့်ပစ်လိုက်သူဆီကိုပဲ ပြန်လွင့်ကျလာသလို -
အဲဒီလူမိုက်ဆီကို မကောင်းကျိုးတွေ ပြန်လာပါတယ်။

၁၂၅. ကောကသုနခလုဒ္ဒက (၁၂၅)
ယော  အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊ သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

125. Like fine dust thrown against the wind, evil falls back upon that fool who offends an inoffensive, pure and guiltless man.
E   a F

ငြိမ်းသောမီး ( ဓ- ၁၂၆ )
တစ်ချို့သူတွေဟာ မိခင်ဝမ်းမှာ ဖြစ်ကြပါတယ်။
မကောင်းမှု ပြုသူတွေဟာ ငရဲမှာ ဖြစ်ကြပါတယ်။
ကြည်လင်စိတ်ထား ကောင်းတဲ့ အလားအလာရှိသူတွေဟာ
နတ်ပြည်သွားရောက်ရပါတယ်။
အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်တွေကတော့
ခန္ဓာဝန်သိမ်း အပြီးတိုင် ငြိမ်းအေးသွားကြပါတယ်။

၁၂၆. မဏိကာရကုလူပကတိဿတ္ထေရ (၁၂၆)
ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော။
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသဝါ။

126. Some are born in the womb; the wicked are born in hell;
the devout go to heaven; the stainless pass into Nibbāna.

ဒုက္ခမရောက်ချင်ရင် အကုသိုလ်မလုပ်နဲ့ ( ဓ- ၁၂၇ )
ကောင်းကင်မှာ တည်နေလည်း အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
သမုဒ္ဒရာအလယ်မှာ တည်နေလည်း အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
တောင်ခေါင်းထဲမှာ ဝင်ခိုအောင်းနေလည်း
အကုသိုလ်ကံအကျိုးပေးက မလွတ်နိုင်ပါဘူး။
ပြုလုပ်ထားခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံ အကျိုးပေးကနေ
လွတ်မြောက်ရာ အရပ်ဒေသ မရှိပါဘူး။

၁၂၇. တယောဇနဝတ္ထု (၁၂၇)
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ
န ဝိဇ္ဇတီ  သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတော  မုစ္စေယျ ပါပကမ္မာ။

127. Neither in the sky nor in mid-ocean, nor by entering into
mountain clefts, nowhere in the world is there a place where one may escape from the results of evil deeds.

နိဗ္ဗာန် မှတစ်ပါး အခြားမရှိ ( ဓ- ၁၂၈ )
ကောင်းကင်မှာ တည်နေလည်း သေခြင်းတရားက မလွတ်နိုင်ပါဘူး။
သမုဒ္ဒရာအလယ်မှာမှာ တည်နေလည်း သေခြင်းတရားက မလွတ်နိုင်ပါဘူး။
တောင်ခေါင်းထဲမှာဝင်ခိုအောင်းနေလည်း သေခြင်းတရားက မလွတ်နိုင်ပါဘူး။
သေခြင်းတရားရဲ့ နှိပ်စက်မှုက လွတ်မြောက်ရာ အရပ်ဒေသ မရှိပါဘူး။

၁၂၈. သုပ္ပဗုဒ္ဓသကျဝတ္ထု (၁၂၈)
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ
န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတံ  နပ္ပသဟေယျ မစ္စု။

128. Neither in the sky nor in mid-ocean, nor by entering into
mountain clefts, nowhere in the world is there a place where one
will not be overcome by death.

Aအရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။ A

(( မှတ်စု ၉ ။ ။ စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့နေကျပါပဲ။
ပညာရှိကတော့
ကောင်းမှုတွေမှာ စိတ်ပျော်မွေ့လာအောင်
ကြိုးစားလေ့ကျင့်နိုင်ပါတယ်။

ကျောက်စရစ်ခဲဟာ ငယ်ပေမယ့် ရေမှာမြှုပ်သလို -
အကုသိုလ်ဟာ ငယ်ပေမယ့် ဒုက္ခပေးနိုင်ပါတယ်။
ရွှေဟာ သေးငယ်ပေမယ့် အဖိုးတန်သလို -
ကုသိုလ်ဟာ ငယ်ပေမယ့် တန်ဖိုးရှိပါတယ်။

အမှိုက်ကစ ပြဿာဒ်မီးလောင် မဖြစ်သင့်ပါဘူး။
ပညာရှိဟာ အမှိုက်ကို ရွှေဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။

ရှေးကံ၊ ယခုကံ တွေရဲ့
ကောင်းကျိုး ၊ ဆိုးမွေကို
အချိန်တန်မှ ခံစားကြရတာပါ။

ရှေးက မကောင်းခဲ့လို့ ခုမကောင်း၊
ခုမကောင်းရင် နောင်မကောင်း။
ရှေးက ကောင်းခဲ့လို့ ခုကောင်း၊
ခုကောင်းမှ နောင်ကောင်း။ ))
G   h

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။